• သဘာဝအုန်းဆီ အသုံးပြုမှုများနှင့် အကျိုးရှိမှုများ


    ဖီဂျီနိုင်ငံက အုန်းဆီအသုံးပြု ပုံ (၁၀၁) နည်း “ 101 Uses for Coconut Oil” ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။ ဖီဂျီမှာ တော့ ငယ်ရွယ်တဲ့ ကလေးငယ်လေးတွေပင်လျှင် ကျောင်းမှာ အုန်းနဲ့ ပတ်သက်ပြီး သင်ကြားကြရပါ တယ်။ ဖီဂျီနိုင်ငံဟာ အုန်းအဓိက စိုက်ပျိုးပြီးတော့ နေ့စဉ်ပင် အုန်းသီးထုတ်ကုန်များကို အသုံးပြုနေကြပါတယ်။ ယခု ဖော်ပြချက်တွင် သဘာဝအတိုင်းရသော Virgin Coconut Oil ကို စားသုံးရန် ပိုမိုသင့်လျော်ပြီး ပြုပြင်ထားသော အုန်းဆီကိုတော့ လိမ်းဆီအဖြစ် သုံးစွဲသင့်ပါတယ်။


    ၁။ အုန်းဆီကို ဟင်းချက်ဆီအဖြစ် သုံးကြတယ်။ မုန့်ဖုတ်တာ၊ မွှေကြော်တာ၊ နို့ထွက်ပစ္စည်းမပါတဲ့ ထောပတ်အဖြစ် အစားထိုးကာ အကြီးမားဆုံး အသုံးပြုနိုင်တယ်။


    ၂။ ပေါင်မုန့်မီးကင်ရာမှာ ထည့်ပေးနိုင်တယ်။


    ၃။ ဟင်းရွက်သုပ်များမှာ ထည့်သုံးနိုင်တယ်။


    ၄။ ကော်ဖီ၊ လက်ဖက်ရည်မှာ မလိုင်နှစ်အနေနဲ့ ထည့်သုံးနိုင်တယ်။ အုန်းဆီတစ်ဇွန်း ထည့်မွှေသောက် ရင် အအေးမိတုပ်ကွေး သက်သာစေတယ်၊ လည်ချောင်းနာတာ သက်သာစေတယ်။


    ၅။ နို့တိုက်မိခင်များ တစ်နေ့ကို (၂-၃) ဇွန်းစားပေးရင် ဗီတာမင် D ရရှိမှု ပိုများစေပြီး နို့ထွက်ပိုစေတယ်။ ကလေးများ အာဟာရ ပိုရစေပါတယ်။




    ၆။ အုန်းဆီစားခြင်းဖြင့်အရေးကြီးတဲ့ ကယ်လဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကို ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူရရှိနိုင် တယ်။ အရိုးနဲ့သွားများကို ခိုင်မာစေတယ်။


    ၇။ အကြော်အလှော်အတွက် အန္တရာယ်မရှိ စိတ်ချရသော ဆီဖြစ်တယ်။ အပူချိန်မြှင့်ချက်ရာမှာ သံလွင်ဆီ သို့မဟုတ် အခြားဆီထက် သာလွန်ကောင်းမွန်တယ်။ ဥပမာ ပြောင်းဖူးပေါက်ပေါက်ဖောက် ရန် အပူချိန်မြှင့်ကြော်ရသည့်အတွက် အုန်းဆီသည် အကောင်းဆုံးဖြစ်သည်။


    ၈။ ဟင်းအမယ်တိုင်းမှာ ဟင်းရွက်ဆီအစားထိုး သို့မဟုတ် မြေပဲဆီ၊ နှမ်းဆီတို့နဲ့ ရောသုံးနိုင်ပါတယ်။


    ၉။ ဟင်းစားဇွန်း တစ်ဇွန်း ပုံမှန်စားပေးရင် အစာချေဖျက်မှုကောင်းစေတယ်။


    ၁၀။ အုန်းဆီကို အသုံးပြုခြင်းဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်နေသူများ၊ မှတ်ဉာဏ် ပြန်လည်ကောင်းမွန် လာစေတဲ့ အထောက်အထားရှိပါတယ်။


    ၁၁။ အုန်းနို့၊ အုန်းဆီက ကလေးများ အတက်ရောဂါကို ကုသနိုင်တယ်။


    ၁၂။ အုန်းသီးနဲ့ပြုလုပ်ထားသော မုန့်ပဲသရေစာ မှန်သမျှ ကလေးများရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ရစေတယ်။


    ၁၃။ ဉာဏ်ရည်ဖွံ့ဖြိုးစေတဲ့ အာဟာရမှုန့်တွေထဲမှာ အုန်းဆီကို စွမ်းအားအနေနဲ့ ထည့်သုံးကြတယ်။


    ၁၄။ အုန်းဆီစားသုံးရာမှာ ချက်ချင်း ကျေချက်စေသည့်အပြင် ကိုယ်တွင်းကပ်ပါးနှင့် မှိုများကို သေစေတယ်၊ အစာအိမ်အနာမဖြစ်စေဘူး။



    ၁၅။ ဘက်တီးရီးယားကြောင့်ဖြစ်သော ပြည်တည်နာများ၊ သွားဖုံးနာများ၊ ဂနိုရောဂါများကို ပျောက်စေ တယ်။


    ၁၆။ အင်ဆူလင်လယ်ဗယ်ကို တိုးတက်စေသည့်အတွက် ဆီးချိုမဖြစ်အောင်ကူညီတယ်။


    ၁၇။ သွားဖုံးကျန်းမာရေး ကောင်းစေတယ်။


    ၁၈။ မကောင်းသော ကိုလက်စရောကို လျော့ကျစေတယ်၊ ကောင်းမွန်သော ကိုလက်စရောကို မြင့်တက်စေတယ်။ ဒါကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစေတယ်။


    ၁၉။ သွေးပြန်ကြောများ တွန့်လိမ်ဖြစ်ပေါ်မှုကို လျော့ကျစေတယ်။


    ၂၀။ Otherosclerosis ခေါ်တဲ့ သွေးကြောနံရံမှာ အချပ်ခဲမဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်လို့ နှလုံးရောဂါဖြစ်ပါပွားမှုကို လျော့ကျစေတယ်။


    ၂၁။ အုန်းဆီစားခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် သိုလှောင်မထားဘဲ စွမ်းအင် အဖြစ် ပြောင်း လဲသွားတယ်။ ဝက်ဆီ၊ အမဲဆီကသာ ခန္ဓာကိုယ်မှာ အဆီဖြစ်စေတယ်။


    ၂၂။ အုန်းဆီက ခရမ်းချဉ်သီးမှာ နာမည်ကြီးတဲ့ ဆီးကြိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်သော Carotenoid စုပ်ယူမှုကို တိုးတက်စေတယ်။


    ၂၃။ ပရောစတိတ်ကြီးထွားမှုကို လျှော့ချပေးနိုင်တယ်။


    ၂၄။ အသည်းရောဂါ ကာကွယ်ရာမှာ အကူအညီပေးနိုင်တယ်။


    ၂၅။ ကျောက်ကပ်ရောဂါနှင့် ဆီးအိမ်ပိုးဝင်ခြင်းမှ တွန်းလှန်ကာကွယ်နိုင်တယ်၊ ကျောက်ကပ် ကျောက်ကို ပျော်ဝင်သွားစေနိုင်တယ်။


    ၂၆။ သည်းခြေကျောက်မဖြစ်အောင် ကူညီနိုင်တယ်။


    ၂၇။ အဆုတ်ရောဂါမဖြစ်ပွားအောင် ကူညီနိုင်တယ်။


    ၂၈။ ရောင်ရမ်းခြင်းကို တွန်းလှန်နိုင်လို့ အဆစ်ရောင်တာကို ကူညီပေးနိုင်တယ်။


    ၂၉။ အရိုးအတွင်းမှာ ဓာတ်တိုးဖိစီးမှု လျော့ကျစေပြီး အရိုးပါး ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်။


    ၃၀။ အုန်းဆီတွင် အသုံးဝင်သည့် ဖက်တီးအက်ဆစ်ဖြစ်သည့် Lauric Acid ကြောင့် ဓာတ်တိုးမှုကို ကာကွယ်ပြီး အရွယ်တင်နုပျိုစေပါတယ်။


    ၃၁။ အကျိုးပြုသော ဖက်တီးအက်ဆစ်ကြောင့်ပင် စိတ်ကျခြင်း၊ စိုးရိမ်သောကဖြစ်ခြင်းကို ပြေပျောက်စေတယ်။


    ၃၂။ ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်ကင်းစေတယ်။


    ၃၃။ နေ့စဉ်မှန်မှန်စားပေးရန် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။


    ၃၄။ Mononucleosis သွေးဖြူဥများစွာတွေ့ရသော အခြေအနေမှာ အုန်းဆီကျွေးရန် ပြန်ကောင်း လာနိုင်တယ်။


    ၃၅။ နေ့စဉ်စားသုံးသူများ အလေးချိန်မြန်မြန်ကျစေတယ်။ အုန်းဆီက ဝက်ဆီ၊ အမဲဆီကဲ့သို့ ကယ်လိုရီ များပေမယ့် စွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး အတင်းထပ်မစားဘူးဆိုရင် စိတ်ဆန္ဒက ဆာလောင်မွတ်သိပ်မှုကို ငြိမ်းသတ်နိုငတယ်။ ရေရှည်မှာ မဝတော့ပါဘူး။


    ၃၆။ ဗိုက်သားထူလွန်းသူများ တစ်နေ့ကို ဟင်းစားဇွန်း (၃) ဇွန်းစားပေးရင် (၁၂) ပတ်အတွင်း ခါးအဝိုင်းပတ် လျော့ကျသွားစေတယ်။ ဝမ်းဗိုက်သားတစ်ဝိုက် အဆီတွေကို လောင်ကျွမ်းစေပါတယ်။


    ၃၇။ ချင်းပြုတ်ရည် ခပ်နွေးနွေးထဲမှာ တစ်ဇွန်းထည့်သောက်ရင် အော်ဂလီဆန်တာ၊ နှလုံးပူတာ ပျောက်စေတယ်။


    ၃၈။ ပုံမှန်စားသုံးရင် ဟော်မုန်းထုတ်လုပ်မှုစွမ်းအား ကောင်းစေတယ်။


    ၃၉။ ပုံမှန်စားသုံးရင် ဝမ်းသွားလွယ်ပြီး လိပ်ခေါင်းသွေးကျ သက်သာစေတယ်။


    ၄၀။ လိပ်ခေါင်းကြောင့် အနာဖြစ်တာနှင့် ယားယံတာကို သက်သာစေပါတယ်။


    ၄၁။ သွေးလှည့်ပတ်မှု ကောင်းစေပြီး ချမ်းစိမ့်စိမ့်ဖြစ်နေတာတွေ ကောင်းသွားစေတယ်။


    ၄၂။ ကိုယ်ဝန်ဆောင်နေစဉ် ကလေးအတွက် လိုအပ်နေတဲ့အဆီနဲ့ ကြီးထွားမှုကို ထောက်ပံ့တယ်။


    ၄၃။ နေ့စဉ်ပုံမှန်စားသုံးရင် ဓာတ်မတည့်မှုလက္ခဏာမဖြစ်အောင် ကူညီတယ်။


    ၄၄။ နေ့စဉ်စားသုံးရင် စိတ်တက်ကြွနိုးကြားမှု ရှိစေတယ်။


    ၄၅။ ရင်သား၊ အူမနှင့် အခြားကင်ဆာမဖြစ်ပွားရန် ကူညီနိုင်တယ်။


    ၄၆။ ထိန်းသိမ်းရခက်တဲ့ Austim ကဲ့သို့ ကလေးစိတ်ဝေဒနာကို သက်သာစေတယ်။


    ၄၇။ အုန်းဆီက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းပေးထားနိုင်တယ်။


    ၄၈။ အုန်းဆီစားသုံးခြင်းကြောင့် လုံးဝ(လုံးဝ) အဆိပ်ဖြစ်ပေါ်ခြင်းမရှိပါ။


    ၄၉။ အုန်းဆီကို မုန့်ဖုတ်ဆော်ဒါနှင့်ရောပြီး သွားတိုက်ရင် သွားဖြူစေပါတယ်။


    ၅၀။ သဘာဝအနံ့အသက်ပျောက်ဆေးအဖြစ်အသုံးပြုနိုင်တယ်။


    ၅၁။ အုန်းဆီကို စားသုံး၍ဖြစ်စေ၊ ကိုယ်ပြင်ပမှာ သုံးစွဲခြင်းကြောင့်ဖြစ်စေ မှိုရောဂါ ဝင်ရောက်ခြင်းကို ဟန့်တားပေးနိုင်တယ်။ ဂျာဗားသူတွေက မိန်းမကိုယ်တွင်းမှာ ကျရောက်တဲ့ အဖြူဆင်းခြင်းဖြစ်စေတဲ့ Candida မှိုရောဂါကို အုန်းနို့နှင့် ဆေးကြောခြင်း၊ အုန်းဆီကို ကိုယ်အင်္ဂါသို့ ပိုက်ဖြင့် ထိုးသွင်းခြင်းဖြင့် ရောဂါပျောက်ကင်းစေတယ်။


    ၅၂။ အသားအရေ (skin) အပေါ်မှာ အုန်းဆီကို အခြေခံလိမ်းဆီအဖြစ် သုံးနိုင်တယ်။


    ၅၃။ အသားအရေနူးညံပျော့ပြောင်းရန် လိမ်းနိုင်တယ်။


    ၅၄။ မျက်ရစ်မှ မိတ်ကပ်ကို ဖျက်နိုင်တယ်။ အယ်လကိုဟောပါတဲ့ Eye Remover က မျက်လုံး ထိခိုက်နိုင်တယ်။ အုန်းဆီက အန္တရာယ်မဖြစ်စေဘူး။


    ၅၅။ ကလေးဦးခေါင်းမှာ diaper အဖတ်ဖတ်မဖြစ်အောင် ကြိုတင် လိမ်းထားနိုင်တယ်။


    ၅၆။ Diaper rash ဖြစ်လာရင်လည်း ဆီလိမ်းကာ မကြာခင်မှာ ပူနွေးတဲ့ ရေဆွတ်ထားသော အဝတ်ကို ပွတ်ချပေးပါ။


    ၅၇။ အုန်းဆီက အရေးအကြောင်း ပေါ်နေတာတွေ ပျောက်စေနိုင်တယ်။


    ၅၈။ ကိုယ်ဝန်ဆောင်များ လိမ်းရင် ဗိုက်ကြောမပြတ်ရန် ကာကွယ်ပေးနိုင်တယ်။


    ၅၉။ အုန်းဆီက နေပူဒဏ်နှင့် နေလောင်ခြင်းကို ခံနိုင်ပါတယ်။


    ၆၀။ သဘာဝနေလောင်ဒဏ်ခံနိုင်တဲ့ Sun Screen ထုတ်လုပ်နိုင်တယ်။


    ၆၁။ အနာလိမ်းဆေးဖော်စပ်ရာမှာ ရောနှောအသုံးပြုနိုင်တယ်။


    ၆၂။ လက်နဲ့အနည်းငယ်တို့ယူပြီး ဆံပင်ကို သပ်ချရင် အညစ်အကြေးတွေ ဖယ်ထုတ်ပေးတယ်။


    ၆၃။ မျက်နှာစိုပြေစေဖို့ ညလိမ်းဆီအဖြစ် သုံးနိုင်တယ်။


    ၆၄။ ရေချိုးရာမှာ သကြားနဲ့အုန်းဆီ ဆတူရောပြီး ခန္ဓာကိုယ်သန့်ရှင်းအောင်ပွတ်တိုက်ပေးနိုင်တယ်။


    ၆၅။ နှုတ်ခမ်းအသားပတ်နေရင် သဘာဝ နှုတ်ခမ်းဆိုးဆေးကဲ့သို့ သုံးနိုင်တယ်။


    ၆၆။ အသားလောင်တာနဲ့ ရောဂါဝင် အနာဖြစ်တာကို အလျင်မြန်ဆုံးကုသပေးနိုင်တယ်။


    ၆၇။ ကလေးမွေးပြီး မိန်းမကိုယ်ကို လိမ်းပေးခြင်းဖြင့် အနာပျောက်အောင်ကူညီနိုင်တယ်။


    ၆၈။ လိင်ဆက်ဆံရာမှာ သဘာဝချောဆီအနေနဲ့ မိန်းမကိုယ်အား အနှောင့်အယှက်မဖြစ်စေဘဲ သုံးနိုင်တယ်။


    ၆၉။ ခြောက်သွေ့သော ဆံပင်ပေါ် လိမ်းပေးပြီး ခေါင်းဆောင်းတစ်ခုခုဖြင့် နာရီအနည်းငယ်အကြာ အုပ်ထားခြင်းဖြင့် ဆံပင်သားများမခြောက်သွေ့တော့ဘူး။


    ၇၀။ ခြေထောက်မှာ အသားမာတက်တာကို ပျောက်စေနိုင်တယ်။


    ၇၁။ တံတောင်ခြောက်ပြီး အဖတ်ဖတ်ဖြစ်နေတာကို နေ့စဉ်ပွတ်ပေးပါ။


    ၇၂။ နှင်းခူနာကြောင့် ယားယံခြင်းကို သက်သာစေပါတယ်။


    ၇၃။ ကလေးအမေများ နို့သီးခေါင်းထိပ်မှာလိမ်းရင် ယားယံခြင်း မဖြစ်စေဘူး။


    ၇၄။ ဗီနီဂါရည်နှင့် အုန်းဆီလိမ်းပြီး ခေါင်းလျှော်ရင် သန်းပျောက်စေတယ်။


    ၇၅။ နှာခေါင်းထဲထည့်လိမ်းရင် ဓာတ်မတည့်မှု လက္ခဏာကို သက်သာစေတယ်။


    ၇၆။ အသားအရေမှာ ဘက်တီးရီးယားတွန်းလှန်နိုငသော သဘာဝခရင်အဖြစ် သုံးနိုင်တယ်။


    ၇၇။ ဆံချခေါင်းလျှော်ပြီး လိမ်းထားရင် ယားယံတာမဖြစ်တော့ဘူး။


    ၇၈။ အုန်းဆီက အသားအရေမှာ ဆဲလ်သေတွေကို ဖယ်ရှားပစ်လို့ အသားအရေးကောင်းစေတယ်။


    ၇၉။ ခြင်ကိုက်ခြင်းကြောင့် ယားယံခြင်းကို လျော့နည်းစေတယ်။


    ၈၀။ ပုံမှန်လိမ်းပေးရင် ဝက်ခြံပျောက်စေတယ်။


    ၈၁။ ဦးရေထဲကို သေချာစိမ့်ဝင်အောင် လိမ်းပေးရင် ဆံပင်သန်စွမ်းလာစေတယ်။


    ၈၂။ ကလေးများ နားမှာ ကူးစက်မှုမဝင်အောင် ကူညီပေးနိုင်တယ်။


    ၈၃။ သားရေထည်ပေါ်မှာ အနည်းငယ်ပွတ်လိမ်းပေးရင် သားရေပျော့ပြောင်းတောက်ပစေတယ်။


    ၈၄။ အကောင်းဆုံးသားရေနယ်သော ဆီအနေနဲ့ သုံးနိုင်တယ်။


    ၈၅။ ဖြေဖဝါးမှာ ဆားအနည်းငယ်နဲ့ ရောပွတ်ပေးရင် သားခြောက်တွေကို ဖယ်ပေးနိုင်တယ်။


    ၈၆။ အိမ်းမွေးတိရိစ္ဆာန်မှာ လိမ်းပေးရင် အမွှေးပြောင်စေတယ်။


    ၈၇။ ကလေးများ အသားအရေ နူးညံ့သဖြင့် အန္တရာယ်မဖြစ်စေရန် လိမ်းဆီအနေဖြင့် အလွန်ကောင်းတယ်။


    ၈၈။ အုန်းဆီက လက်သည်းခြေသည်းကိုလည်း စိုပြေစေတယ်။


    ၈၉။ အုန်းဆီကို ဆပ်ပြာတစ်မျိုးမျိုးနှင့်ရောပြီး မျက်နှာဆေးကြောခြင်းဖြင့် ပိုသန့်စင်စေတယ်။


    ၉၀။ ရှန်ပူထဲမှာ ထည့်သုံးရင် ချေးချွတ်အားပိုကောင်းစေပါတယ်။


    ၉၁။ အုန်းဆီကို ဆပ်ပြာလုပ်ငန်းမှာ ထည့်သုံးရင် ဆပ်ပြာအရောင်တောက်စေတယ်၊ မာကျောစေပါတယ်။


    ၉၂။ အုန်းဆီကို ဆံပင်လိမ်းသည့် ဂျယ်ထုတ်လုပ်နိုင်တယ်။


    ၉၃။ အုန်းဆီက နှာခေါင်းသွေးလျှံတာကို ရပ်တံ့နိုင်တယ်၊ နှာခေါင်းသွေးမထွက်အောင်လည်း ကာကွယ်ပေးနိုင်တယ်။


    ၉၄။ အုန်းဆီကို ပိတောက်၊ တမလန်းကဲ့သို့ လက်မှုထည်တွေကို အရောင်တောင်ပြောင်အောင်ပွတ်တိုက်ပေးနိုင်ပြီး သဘာဝ ပိတောက်အမွှေးနံ့ကိုရရှိစေတယ်။


    ၉၅။ ကျောက်သားပန်းပုထည်ကိုလည်း အရောင်တောက်အောင်လုပ်နိုင်တယ်။


    ၉၆။ ဆံပင်မှာ ပီကေကပ်နေရင် လွယ်ကူစွာ အုန်းဆီနဲ့ခွာထုတ်နိုင်တယ်။


    ၉၇။ ပိန္ဒဲသီးအစေးက လက်မှာ ကပ်နေရလည်း လွယ်ကူစွာဖယ်ထုတ်နိုင်တယ်။


    ၉၈။ အုန်းဆီက ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးတာကို သက်သာစေတယ်။ ချောင်းဆိုးပျောက်ဆေးရည်မှာ ထည့်သုံးနိုင်တယ်။


    ၉၉။ အလေးမသမားများ အုန်းဆီကို ပိုမိုသုံးရင် ကြွက်သား အလွန်ထွားကျိုင်းစေတယ်။


    ၁၀၀။ နို့တိုက်မိခင်များ အုန်းနို့ အုန်းဆီစားသုံးခြင်းကြောင့် ကလေးတို့၏ ခန္ဓာကိုယ်ခုခံအားကို အထောက်အပံ့ပေးတယ်။ မိခင်ရဲ့ နို့ထဲမှာ Lauric acid များစွာ ပါရှိသကဲ့သို့ အုန်းဆီမှာလည်း မြောက် များစွာ ပါဝင်နေပါတယ်။


    ၁၀၁။ နောက်ဆုံးတစ်ချက်ကတော့ “ Blood Pressure Regulation” သွေးပေါင်ချိန်ပုံမှန်အတိုင်းဖြစ် စေတယ် ဆိုတဲ့အချက်ပါပဲ။ စာရေးသူပြောတာမဟုတ်ဘူးနော်။ စာထဲမှာရေးထားတာပါ။


     


    ငြင်းဆိုချက်


              ယခုဖော်ပြခဲ့သည့် အုန်းနို့ အုန်းဆီ၏ ကျန်းမာရေးအကျိုးပြုမှုများသည် ရောဂါဝေဒနာ ပျောက်ကင်းစေသည်ဟု လှေနံဓားထစ် မမှတ်ယူစေလိုပါ။ မိမိတို့ ရောဂါဖြစ်ပွားလျှင် နားလည်တတ် ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသရန်သာဖြစ်ပါသည်။ သို့သော် အုန်းနို့ အုန်းဆီစားသုံးခြင်းဖြင့် အထက်ဖော်ပြပါ ကျန်းမာရေးကောင်းကျိုးများရရှိနိုင်သည်ကို ဆိုလိုခြင်းသာဖြစ်သည်။




    စာညွှန်း။        ။ ယခုဆောင်းပါးကို မင်းဝင်းထိန်(B.Ag) ၏ ထိုင်းအုန်းမွှေးစိုက်ပျိုးနည်းစာအုပ်မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပြီး အခြား ဆောင်းပါးများကို အသေးစိတ်ဖတ်ရှုလိုပါက ထိုစာအုပ်တွင် ဆက် လက်ဖတ်ရှုနိုင်ပါသည်။


    အစိမ်းရောင်လမ်း မှ ရေးသား

0 comments:

Post a Comment